ဝမ်းနည်းခြင်းစက်ရုံ
Cleveland Browns အမေရိကန်ဘောလုံးအသင်းကို တစ်သက်လုံး အားပေးခဲ့သူ အနေဖြင့် အားလျော့စိတ်ပျက်မှုကို ကျွန်တော် မျှဝေခံစားရင်း ကြီးပြင်းခဲ့သည်။ Super Bowl ချန်ပီယံကစားပွဲ၌ အသင်း(၄)သင်းအနက် Cleveland Browns အသင်းအား နှစ်စဉ်နှစ်တိုင်း အားပေးသည့် အမာခံပရိတ်သတ်ရှိပြီး ပရိတ်သတ်များမှာ အဆုံး၌ စိတ်ပျက်လက်ပျက် ခံစားရနေကျဖြစ်သောကြောင့် Super Bowl အိမ်ကွင်းအား ‘‘၀မ်းနည်းခြင်းစက်ရုံ’’ ဟု ရည်ညွှန်း လေ့ရှိကြသည်။
ကျွန်တော်တို့နေထိုင်ရာ ပျက်စီးသော ကမ္ဘာကြီး သည်လည်း ‘‘၀မ်းနည်းခြင်းစက်ရုံ’’ ဖြစ်နိုင်သည်။ မိမိ၏ ရွေးချယ်မှုကြောင့် ဖြစ်စေ၊ အစိုးမရသော အကြောင်းတရား များကြောင့်ဖြစ်စေ နာကျင်ရမှု၊ စိတ်ပျက်အားလျော့ရမှုများက အတောမသတ်နိုင်ဟု ထင်ရသည်။
သို့သော် ခရစ်တော်၏နောက်တော်လိုက်များအတွက် နောင်ဘ၀တွင် သာမက ယနေ့တွင်ပင် မျှော်လင့်ခြင်းရှိသည်။ ‘‘သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်း ရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည်…
သင့်အတွက် သခင်ကြွလာသည်
Franz Kafka (1883 – 1924) ရေးသားသည့် The Trial and The Castle ၀တ္ထုတွင် လူများကို ၎င်းတို့၏ဖြစ်တည်မှုမရှိ၊ တန်ဖိုးမရှိသည့် ဗလာမျက်နှာပင်လယ်အဖြစ်သို့ ပြောင်းပစ်ပြီး ဘ၀အသက်တာကို တန်ဖိုးကျသည့် လူသားများ၏ဖြစ်တည်မှုအဖြစ် ပုံဖော်သည်။
“ဘ၀ဆိုတဲ့ လည်ပတ်မှုစီးကြောင်းက သင့်ကို သယ်ဆောင်သွားပြီး ဘယ်နေရာရောက်မလဲ၊ ဘယ်သူမှ မသိဘူး။ လူဆိုတာ အသက်ရှင်တဲ့ သတ္တ၀ါထက် အရာဝတ္ထု တစ်ခုနဲ့ ပိုတူတယ်” ဟု Kafka က ဆိုသည်။
သခင်ယေရှု၏အမှုတော်အစ၌ ကိုယ်တော်သည် နာဇရက်မြို့ရှိ တရားဇရပ်သို့သွားပြီး ပရိသတ်အရှေ့၌ ရပ်ကာ ဟေရှာယအနာဂတ္တိကျမ်းကို ဖတ်သည်။ “ထာဝရ ဘုရား၏၀ိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော် မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာ…
သတိပေးခေါင်းလောင်းသံ
Westminster ရှိ Big Ben နာရီစင်ကြီးသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၏အထင်ကရ အမှတ်လက္ခဏာတစ်ခုဖြစ်သည်။ ထိုနာရီစင်မှ အချက်ပေး တီးလုံးသံသည် Handel’s Messiah မှ ‘‘I Know That My Redeemer Liveth’’ သံစဉ်ဖြစ်ကြောင်း ပြောစမှတ်ပြု ခဲ့ကြသည်။ နောက်ပိုင်းတွင် စာသားများထည့်ပြီး နာရီပြခန်းထဲတွင် ခင်းကျင်းဖော်ပြ ထားသည်။
‘‘နာရီစက္ကန့်တိုင်းမှာ ကျွန်ုပ်တို့၏ ပဲ့ကိုင်ရှင်သည် ကိုယ်တော်ဖြစ်စေ၊ တန်ခိုးတော်အားဖြင့် ခြေမချော်ရာ’’
ထိုစာသားများသည် ဆာလံ ၃၇း၂၃-၂၄ မှ ‘‘ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့ မရောက်ရ၊ အကြောင်းမူကား ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏’’ ကျမ်းပိုဒ်အား သွယ်ဝှိုက်၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့သားသမီးတို့
‘‘သွားရာလမ်း’’ - အတွေ့အကြုံ၊ အသက်တာ၏…
ခရစ်စမတ်၏ပေးဆပ်အနစ်နာခံခြင်း
အိုဟင်နရီ၏ ‘‘မာဂုပညာရှိများ၏ လက်ဆောင်’’ အမည်ရှိ ၀တ္တုဇာတ်လမ်းက ငွေကြေး မပြေလည်၍ ရုန်းကန်နေရသည့် ငယ်ရွယ်သောဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဂျင်မ် နှင့် ဒဲလာအကြောင်း ဖြစ်သည်။ ခရစ်စမတ်နီးလာသည်နှင့်အမျှ သူတို့မှာ တစ်ဦးကို တစ်ဦး လက်ဆောင်ပေးချင်နေကြပြီး ပိုက်ဆံမရှိသဖြင့် သူတို့ အခက်ကြုံရသည်။ ဂျင်မ် တန်ဖိုးထားပိုင်ဆိုင်သော အရာမှာ ရွှေနာရီတစ်လုံးဖြစ်ပြီး ဒဲလာ ပိုင်ဆိုင်သည့်အရာမှာ ရှည်လျားလှပသည့် ဆံပင် ဖြစ်သည်။ ဂျင်မ်က ဒဲလာအတွက် ဘီးဝယ်ပေးရန် နာရီကို ရောင်းခဲ့ပြီ ဒဲလာက ဂျင်မ်အတွက် နာရီကြိုးဝယ်ရန် သူ့ဆံပင်ကို ရောင်းခဲ့သည်။
စွန့်လွှတ်ပေးဆပ်ခြင်းသည် အချစ်စစ်၏ အနှစ်သာရ ဖြစ်ကြောင်း သတိပေးနေသည့် ဇာတ်လမ်းက နှစ်သက်စရာပါ။
ထို့ပြင် ပေးဆပ်ခြင်းသည် အချစ်ကို မှန်ကန်စွာ တိုင်းတာနိုင် သည့်အရာပင်ဖြစ်သည်။ ထိုအယူအဆက အထူးသဖြင့် ခရစ်စမတ်နှင့်လည်း ကိုက်ညီ သည်။ အကြောင်းမှာ…
ခရစ်စမတ်၏ ဆန်းကြယ်မှု
ချားဒစ်ဆင်၏ ခရစ်စမတ်ကယ်ရယ် ၀တ္တုအစ၌ ဧဗာနေဇာ စခရုဂ်ျ ၏ ဘ၀က ပဟေဠိ ဆန်လှသည်။ အဘယ်ကြောင့် သူ့စိတ်ထားသေးသိမ်သနည်း။ အဘယ်ကြောင့် သူ တစ်ကိုယ်ကောင်းဆန်သနည်း။ တဖြည်းဖြည်းနှင့် ခရစ်စမတ်ရာသီဝင်လာသောအခါ အရာရာ ထင်ရှားပြတ်သားလာသည်။ သူ့ကို ပျော်ရွှင်တတ်သော လူငယ်တစ်ဦးအဖြစ်မှ တစ်ကိုယ်ကောင်းဆန် တွန့်တို့သူတစ်ဦး ဖြစ်သွားစေသည့် လွှမ်းမိုးမှုများကို တွေ့ရသည်။ သူ၏အထီးကျန်မှု၊ ကြေကွဲ ခံစားရမှုများကို တွေ့ရသည်။ နောက်ဆုံးတွင် ပဟေဠိ ဆန်ဆန် ပြဿနာများကို ဖြေရှင်းပြီး သူ့ဘ၀ကို ပြန်လည်ငြိမ်ဝပ် တည်ဆောက်ခဲ့ကြောင်း တွေ့ရသည်။ အခြားသူများကို ဦးစားပေးခြင်းက စခရုဂ်ျအား အတ္တဆန် သည့် အမှောင်ထုမှ ပျော်ရွှင်ခြင်းအသစ်သို့ ရောက်ရှိစေသည်။
၁ တိ ၃း၁၆ တွင် ရှင်ပေါလုက ပို၍ အရေးကြီးသော၊ ပဟေဠိဆန်ပြီး နက်နဲခက်ခဲသော အရာတစ်ခုကို ရေးသား ထားသည်။ ‘‘မှန်သောကိုးကွယ်ခြင်း၏…
ဗုံတီးလုလင်
ထင်ရှားလှသည့် ‘‘The Little Drummer Boy’’ (ဗုံတီးလုလင်) အမည်ရှိ ခရစ်စမတ်သီချင်းကို ၁၉၄၁ ခုနှစ်က ရေးသားခဲ့သည်။ ၎င်းသည် မူလက ‘‘Carol of the
Drum’’ အဖြစ်ထင်ရှားပြီး ချက်(Czech)လူမျိုးတို့၏ ကယ်ရယ်သီချင်း၌ အခြေခံထား သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၊၂ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း ၂ တို့တွင် ဗုံတီးသော လူငယ်လေးအကြောင်း မပါသော်လည်း ကယ်ရယ်ဆိုခြင်းက ၀တ်ပြုကိုးကွယ်ခြင်း၏အနှစ်သာရနှင့် အဓိပ္ပာယ်ကို ဖော်ပြ သည်။ ထိုကယ်ရယ်သီချင်းက ခရစ်တော်မွေးဖွားရာနေရာသို့ မာကုပညာရှိများ၏ ဖိတ်ကြားခြင်းခံရသော လူငယ်လေး အကြောင်းကို ဇာတ်လမ်းဖွဲ့ထားသည်။ ပညာရှိများကဲ့သို့ မဟုတ်ဘဲ သူ၌ ပေးစရာလက်ဆောင် မရှိပေ။ ထို့ကြောင့် သူ၌ရှိသော အရာကိုသာ သူပေးခဲ့သည်။ သူ့ဗုံကို တီးလျက်
‘‘ကျွန်တော် ကိုယ်တော်အတွက် အကောင်းဆုံးတီးခတ် တယ်’’ ဟုပြောသည်။
မုဆိုးမနှင့်…
ခရစ်စမတ် နားနေခြင်း
ငယ်စဉ်က ကျွန်တော် ၀င်ငွေရရှိရန် သတင်းစာလိုက်ပို့သည်။ မနက်ပိုင်း သတင်းစာ ဖြစ်သည့် အားလျော်စွာ မနက် ၃ နာရီထရပြီး တစ်ပတ်လုံးလိုက်ပို့ရသည်။ သတင်းစာ စောင်ရေ ၁၄၀ ကို အိမ်တိုင်ရာရောက် မနက် ၆ နာရီ အရောက် ပို့ပေးရသည်။
သို့သော် တစ်နှစ်အတွင်း ထူးခြားသော နေ့တစ်နေ့ရှိသည်။ ခရစ်စမတ်နေ့ အတွက် သတင်းစာကို ခရစ်စမတ်မတိုင်မီ ညနေပိုင်း ကတည်းက ပို့ရသည်။ ထို့ကြောင့် တစ်နှစ်အတွင်း ခရစ်စမတ် တစ်ရက်သာ သာမန်လူများကဲ့သို့ အိပ်စက်အနားယူခွင့်
ရသည်။
နှစ်ပေါင်းများစွာအတွင်း အကြောင်းအရင်းများစွာဖြင့် ခရစ်စမတ်ကို ကျွန်တော်နှစ်သက်ခဲ့သည်။ အထူးသဖြင့် ခရစ်စမတ်သည် အခြားနေ့များနှင့်မတူဘဲ အေးဆေးစွာ အနားယူရသည့်ရက် ဖြစ်သောကြောင့်တည်း။ ထိုစဉ်က ခရစ်စမတ်က ယူဆောင်လာ သည့်
စစ်မှန်သောငြိမ်သက်ချမ်းသာခြင်းကို နားမလည်ခဲ့ပါ။ သခင်ခရစ်တော် ကမ္ဘာမြေသို့ ကြွဆင်းလာသည့် အကြောင်းရင်းမှာ…
မျှဝေခံစား ဆိုင်ပြိုင်ရုန်းကန်မှုများ
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်သည် နှစ် ၁၀၀ မြောက် ‘‘အင်ဇက်နေ့’’(Anzac Day) ရာပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့သော ဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံမှ တပ်မတော်သားများ (ANZAC)ကို ၎င်းဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံလုံးက ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ကျင်းပခဲ့ကြသည်။ မည်သည့်နိုင်ငံကမှ စစ်ဘေးစစ်ဒဏ်ကို တစ်ဦးတည်း၊ တစ်နိုင်ငံတည်း မရင်ဆိုင်ရဘဲ၊ နှစ်နိုင်ငံ စစ်သည်များက အတူတကွ မျှဝေရုန်းကန်တိုက်ခိုက်ခဲ့သော အချိန်ကို အမှတ်ရစေသည့် အခါသမယဖြစ်သည်။
သခင်ခရစ်တော်၏ နောက်တော်လိုက်များအတွက် ရုန်းကန်လှုပ်ရှားရသည့် လောကဓံများကို အတူတကွ မျှဝေခံစားလျက် ဘ၀ရှင်သန်ရန်မှာ အခြေခံကျသည့် စေစားမှု
ဖြစ်သည်။ ရှင်ပေါလုသည် ကျွန်ုပ်တို့ကို စိန်ခေါ်သကဲ့သို့ ‘‘ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြရမည်’’…
ကားတိုင်နှင့် သရဖူ
လန်ဒန်မြို့ရှိ ၀က်စ်မင်းစတာ ခရစ်ယာန်ဘုရားဝတ်ပြုကျောင်းတော်ကြီးမှာ ဧကန် သမိုင်းဝင်နေရာဖြစ်သည်။ ၁၀ ရာစုနှစ်တွင် ဘဲနဒစ်တင်း ဘုန်းတော်ကြီးများက လုပ်ရိုး လုပ်စဉ် ဆုတောင်းဝတ်ပြုခြင်းအစဉ်အလာကို စတင်ခဲ့ပြီး ယနေ့ထိတိုင် ကျင့်သုံးလာ ခဲ့သည်။ ဘုရားကျောင်းတွင် နာမည်ကျော်ပုဂ္ဂိုလ်များကိုလည်း မြှုပ်နှံခဲ့သည်။ အေဒီ ၁၀၆၆ ကတည်းက အင်္ဂလိပ်နန်းလျာ အဆက်ဆက်ကိုလည်း ဤကျောင်းတော်တွင်ပင် ဘိသိက်ပေးခဲ့သည်။ မင်းဆက်
၁၇ ဆက်ကို ထိုနေရာ၌ မြှုပ်နှံခဲ့သည်။ အုပ်ချုပ်မင်းပြုသည့်
အာဏာစက်စတင်ရာ နေရာတွင်ပင် စိုးစံမှု အဆုံးသတ် သည်။
ဘုရင်များကို မြှုပ်နှံခြင်းအစီအစဉ် မည်မျှပင် ခမ်းနားနေပါစေ လောကကို အုပ်ချုပ်သူများမှာ ပေါ်လာ လိုက်၊ ကျသွားလိုက်၊ ရှင်သန်လိုက်၊ သေသွားလိုက်ဖြစ်သည်။ သို့သော် ဘုရင်မင်းမြတ် ယေရှုမှာမူ တစ်ကြိမ်တစ်ခါ အသက် စွန့်ခဲ့သော်လည်း သခင်အား မြှုပ်နှံထားခြင်း မရှိတော့ပါ။
ပထမအကြိမ် လောကသို့ကြွလာသည့်အချိန်၌ သခင်ယေရှု…
နှောင့်နှေးမှု၏ ပြောင်းပြန်ကောင်းကျိုး
အမေရိကန် ရေကူးမယ် ဒါရာ တော်ရီစ်သည် ၁၉၈၄ မှ ၂၀၀၈ အထိ အိုလံပစ်ပြိုင်ပွဲ ငါးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အားကစားဖြင့် အသက်မွေးမှုက အသိအမှတ်ပြုလောက်သည်။ သူ့ဘ၀၏နောက်ပိုင်းကာလတွင် သူမကိုယ်တိုင် တင်ထားခဲ့သည့် မီတာ ၅၀ အလွတ်ကူး စံချိန်ကို ၂၅ နှစ် အကြာတွင် ချိုးနိုင်ခဲ့သည်။ ရွှေတံဆိပ် ရယူခြင်း၊ စံချိန်သစ်တင်ခြင်းများ သာမက အားကစားသမားဘ၀အတွက် အဟန့်အတား ဖြစ်သည့် ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူရခြင်းများကို အခြား ပြိုင်ဘက် အားကစားသမားများ နည်းတူ ၂ ကြိမ် တွေ့ကြုံခဲ့ရသည်။ ‘‘ကျွန်မ ကလေးဘ၀ကတည်းက အရာရာတိုင်းကို နေ့တိုင်း အနိုင်ရချင်ခဲ့တယ်။ ... နှောင့်နှေးမှု တွေဟာ အိမ်မက်အသစ်တွေကို တွန်းအားပေးလို့ အကျိုး ရှိတယ်ဆိုတာကို ကျွန်မ သတိထားမိတယ်’’ ဟု သူမက ပြောသည်။…